Advertisement

Saya David Lah

Spread the love

ကျွန်မ ၏ အစ်ကို
ကိုဝေထွန်း နှင့် ဆရာ ဒေးဗစ်လား တို့
” လူစုလူဝေးနှင့် တရားပွဲပြုလုပ်ခြင်း ”
ဆိုသော အမှုနှင့်ပတ်သက်၍

အထင်မှားနေကြသော သူများကို ရှင်းပြလိုပါတယ် (ဒါက တရားရုံးမှ သက်သေနဲ့တကွရှင်းပြီးသားမို့ မသိသေးသူတွေသိအောင်ရှင်းပြတာပါ )

ဟိုး အစထဲက
အစိုးရကြေငြာချက်အတိုင်း အားလုံး က လိုက်နာခဲ့ ကျ ပါတယ်

လူစုလူဝေးနဲ့ တရားပွဲ လုံးဝ မကျင်းပခဲ့ပါဘူး live လွှင့် တာမို့ Date နဲ့တကွ
live သက်သေ တွေလည်းရှိပါတယ် ။

Facebook နဲ့ social media မှာ လူစုလူဝေးနဲ့ လုပ်ကြောင်း
တင်ထားတဲ့ video နဲ့ ဓာတ်ပုံတွေ ဟာ ဒီ COVID အချိန် မှာ လုပ်တာမဟုတ်ပဲ

ဟိုးအရင်က ပုံများ ကို ထင်ယောင်ထင်မှား မကျေမနပ် ဖြစ်စေအောင်
ဖြတ်ညှပ်ကပ် လုပ် တင်ထားခဲ့တာဖြစ်ပါတယ် ။

တရားပွဲကျင်းပဖို့ ရှိခဲ့ ပေမယ့် COVID ရောဂါ ကြောင့် ဖျက်သိမ်း ကြောင်း အတိအကျ ကြေငြာချက်ထုတ်ခဲ့သလို
ပြုလုပ်မည့်နေရာမှာ vinyl နဲ့ ပွဲ ဖျက်သိမ်းကြောင်း သေခြာကြေငြာ ခဲ့တာလည်းပုံနဲ့တကွ သက်သေရှိပါတယ်

အစ ထဲက လူအနည်းငယ်နဲ့
live ပဲ လွှင့် တာမို့
လူလည်းအများကြီး လာချင်ရင်တောင် လာလို့မရပါ ဘူး ၊
Live လွှင့်တဲ့အခန်းလေးက
လူအများကြီးဝင်နိုင်တဲ့ အခန်းလည်းမဟုတ်ပါဘူး
( ပေ ၂၀ ပတ်လည် အခန်းကျဉ်းလေး မှာ လူအများကြီး လည်း မဆန့်ပါ )

ဒီနေရာ ကနေ ရောဂါကူးစက်စေတယ်လို့ပြောရအောင်လည်း

နိုင်ငံခြားက ပြန်လာသူ ဆီကတဆင့် ဆရာနှင့်တကွ ကိုဝေထွန်း တို့ကိုယ်တိုင်လည်း
covid ရောဂါ ကူးစက်ခံရ တာပါ
( အစိုးရကနိုင်ငံခြားပြန်များကို မထိန်းသေးခင်ပြန်လာသူ )

(သူတို့က စ သူများတွေကို ကူး စက်သွား ခဲ့ တာမဟုတ်ပါ ဘူး ၊ Covid 19 ရောဂါဟာ ကမ္ဘာ ကပ်ရောဂါပါ ဘယ်သူကမှ တမင် ကူးစက်အောင်မလုပ်ပါဘူး 😭 )

ကိုဝေထွန်းကိုလည်း စီစဉ်သူဆိုပြီး အမှူ့ ထဲ ထည့်ထားတာ ပါ
သူဟာ စီစဉ်သူလည်းမဟုတ်ပါဘူး ၊ သူဟာ အသံဖမ်း အင်ဂျင်နီယာအဖြစ် ကူညီပေးသူပါ ။
(Live လွှင်တာ သက်သက် မို့ စီစဉ်သူလည်း မရှိပါဘူး) ဒါကိုလည်းတင်ပြထားပြီးသားပါ။

တရားဥပဒေကိုလေးစားပြီးသားမို့ အမှန်အတိုင်းဖြစ်မယ်လို့ ယုံကြည်ပါတယ် ။

ဒီနေ့မှာတော့ (လူစုလူဝေးနဲ့ ပွဲ လုပ်ခြင်း)
ပြစ်မှု့မကျုးလွန်ကြောင်း ဖြေရှင်းချက်ဘယ်လောက်ခိုင်မာ ပါစေ စွဲချက်အတင်ခံခဲ့ရပါတယ် 😭😭

ဘာပဲ ဖြစ်ဖြစ်
ဘုရားရှင်အကြံအစည် နဲ့အလိုတော်ကို ဝန်ခံ ပြီးသားမို့
ဘုရားအကောင်းဆုံးလုပ်မယ်ဆိုတာအပြည့်အဝယုံကြည် ပါတယ်

ဘုရားရှင်တွက် သူရဲကောင်းများ အဖြစ် ဂုဏ်ယူပါတယ်

( ကိုဝေထွန်း ရဲ့ သားလေး နဲ သမီးလေး က သူ့ဖေဖေ နဲ့ COVID စဖြစ်တဲ့နေ့ကစပြီး ခွဲ ထားခဲ့ လိုက် ရလို့ မတွေ့ရတာ ၃ လရှိပါပြီ ဒီနေ့တော့ ဖေဖေ ပြန်လာတော့ မယ် လို့ပြောထားလို့ ဖေဖေ ပြန်လာပြီလားဆိုပြီးမျှော်နေရှာ၊ မေးနေ ရှာ လို့ မျက်ရည်ကျမိ့ပါတယ်
သူတို့လေးတွေအဖေကို အရမ်းသတိရသလို သူတို့အဖေကလည်း အရမ်းတွေ့ခြင်နေပါပြီ ) 😭😭

Credit – Tracy Yinmin Tin

Facebook Comments Box

Spread the love