Advertisement

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လူစုလူဝေး ဘာသာရေးအခမ်းအနားများအပေါ် သတင်းစာမျက်နှာပေါ်က မှတ်ချက်စကားများ

Spread the love

ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်မြန်ကပ်ဘေးကာလအတွင်း လူစုလူဝေးအခမ်းအနားများ မကျင်းပရန် နိုင်ငံအဝှန်းတားမြစ်မိန့်တစ်ခုကို အစိုးရကထုတ်ပြန်ထားချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦး ဆောင်သော တိုင်းဒေသကြီးအစိုးရဝန်ကြီးများ၊ တိုင်းဥပဒေချုပ်တို့တက်ရောက်သော ရှင်ဥပဂုတ္တဖောင်တော်ရေချပူဇော်ပွဲ၊ အမမြနန်းတော် နန်းဆောင်ယာယီပြောင်းရွှေ့ပွဲများကို မေလ ၂၄ ရက်နေ့ ပြုလုပ်ခဲ့သည်။

ပြည်သူများအကြား ဝေဖန်မှုများမြင့်တက်သွားခဲ့ပြီးနောက် သတင်းမီဒီယာများတွင်  အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီ၊  လွှတ်တော်အမတ်၊ အရပ်ဘက်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၏ မှတ်ချက်ပြုမှုများနှင့် ဝေဖန်ပြောကြားချက်များကို စုစည်းတင်ပြလိုက်ပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်
“ဒီဟာက ညွှန်ကြားချက်တွေနဲ့ ပြောရင် ဆန့်ကျင်တာပေါ့”
Source: Myanmar Now, May 25, 2020

ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း
“မထင်မှတ်ဘဲ လူနည်းနည်းလေးများသွားတယ်”
Source: Myanmar Now, May 25, 2020

သင်္ဃန်းကျွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်
“သူများကို ခွင့်ပြုမထားရင် ကိုယ်ကိုယ်တိုင်လည်း မလုပ်ဖို့လိုတာပေါ့။ သူများကို ခွင့်မပြုဘူး။ ကိုယ်က လုပ်တယ်ဆိုတာတော့ အဆင်မပြေပါဘူး။ ဒါက မဖြစ်မနေ လုပ်ရမယ့်ကိစ္စလားပေါ့။ မဖြစ်မနေ လုပ်ဖို့လိုတဲ့ကိစ္စမဟုတ်ရင် ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာဖို့ လိုပါတယ်”
Source: Myanmar Now, May 25, 2020

မရမ်းကုန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း
“Mask (နှာခေါင်းစည်း) တပ်ပြီး ပွဲလုပ်လို့ရလားဆိုတာ နည်းနည်းတော့ ပြန်စဉ်းစားရမယ့်သဘော ရှိပါတယ်”
Source: Myanmar Now, May 25, 2020

ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေစိုး
“သူဌေးတွေလည်း တော်တော်များများပါပါတယ်။ လုပ်မယ်ဆိုရင်လည်း လူနည်းနည်းနဲ့ပဲ လုပ်သင့်ပါတယ်။ ထုတ်ထားတဲ့ စည်းမျဉ်းဥပဒေက ကိုယ်ကတော့ ထုတ်ထားတယ်။ ဒါပေမယ့် ကိုယ်ကတော့ လိုက်နာစရာမလိုဘူးဆိုတဲ့သဘောမှာ သက်ရောက်နေပါတယ်”
Source: Myanmar Now, May 25, 2020

လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း “ကျွန်တော်တို့က အခမ်းအနားကိုလည်းကျန်းမာရေးနဲ့ အညီလုပ်ခဲ့တာပါ။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ညွှန်ကြားချက်တွေထုတ်ထားသလို ကျွန်တော်တို့ကိုယ်တိုင်လိုက်နာဖို့လိုတယ်ဆိုတာလည်းကျွန်တော်တို့သိပါတယ်။ လူများသွားတာကလည်း မထင်မှတ်ဘဲအခုလိုဖြစ်သွားတာပါ။ အလှူရှင်တွေလည်းပါသလို ပြည်သူတွေလည်းပါဝင်လာတော့ လူကများသွားတာပါ။ ပွဲကိုတော့ ကျန်းမာရေးနဲ့အညီဖြစ်အောင် ကြိုးစားပြီးလုပ်ဆောင်ခဲ့ပေမယ့် လူစုလူဝေးဖြစ်သွားတဲ့အပေါ် စိုးရိမ်နေကြတဲ့ ပြည်သူတွေကိုလည်း တောင်းပန်ပါတယ်”
Source: Duwun, May 25, 2020

ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ  
‘ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ “အခမ်းအနားကတော့ ကျနော်အမြင်နဲ့ ပြောရင်မလုပ်သင့်ဘူးပေါ့ဗျာ။ တကယ်တန်းကျတော့ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့။ ဒီအခမ်းအနားက နိုင်ငံအတွက် ဘာသာရေး က ဘာသာရေးပေါ့ဗျာ။ ဘာသာရေးလုပ်တာကိုလုပ်တဲ့ ဘာသာရေးကလည်း ရှင် ဥပဂုတ္တမျှောတယ်ပေါ့။ နောက်တစ်ခု ကြားတာက အမတော် မြနန်းနွယ်အဆောင်ပြောင်းတာပေါ့။ အဲဒါတွေက ထေရဝါဒနဲ့လည်း မညီညွတ်ပါဘူး။ ဒီအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဥပဒေချုပ်လည်းကိုယ်တိုင် ပါဝင်နေတဲ့အတွက်ကြောင့် ဝမ်းနည်းတယ်
Source: Khitthit, May 25, 2020

ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ ဦးဆောင်သူလည်းဖြစ်၊ ဥပဒေရေးရာကျွမ်းကျင်သူလည်းဖြစ်သူ ဒေါက်တာဒေါ်ညိုညိုသင်း
“ ရန်ကုန်တိုင်း အစိုးရက ကျန်းမာရေး ဝန်းကြီးဌာနရဲ့ ညွှန်ကြားချက်ကို မလိုက်နာဘဲနဲ့ ဒီလိုမျိုး မလိုအပ်တဲ့ လူစုလူဝေးလုပ်တာကို အန်တီတို့ကတော့ ကန့်ကွက်တယ်လေ။ ဒီကိစ္စ မလုပ်မဖြစ်တဲ့ ကိစ္စလည်းမဟုတ်ဘူးလေ။ ဒီလိုကိစ္စတွေလုပ်ခြင်းဟာ ပြည်သူလူထုကို တရားဥပဒေ စိုးမိုးရေး စိန်ခေါ်ရာရောက်တယ်၊ ပြည်သူလူထုကို မလိုလားအပ်ဘဲနဲ့ ရောဂါအန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေတယ်”
Source: Khitthit, May 25, 2020

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်
“ အဓိက ကတော့ အစိုးရတစ်ရပ်က ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ပြီးပြီဆိုရင် သူကိုယ်နှိုက်က ပြည်သူလူထုအရှေ့မှာ စံပြ နမူနာအဖြစ် နေပေးရမယ်။ အဲ့ဒါက အရေးကြီးဆုံးအချက်ပဲ ဥပဒေတော့ ငါတို့ထုတ်တာပဲ၊ လိုက်နာချင်မှ လိုက်နာမယ်ဆိုတဲ့ ပုံစံကတော့ ဒီမိုကရေစီ မဟုတ်ဘူး။ ဒီမိုကရက်တစ်နှုန်း စံတန်ဖိုးပေတဲ့နဲ့ တိုင်းတဲ့အခါကြတော့ ဒီဘက်မှာ ထုတ်ပြန်ထားသော်ငြားလည်း တကယ့် တကယ် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါကြတော့ ကိုယ်ထုတ်ပြန်ထားတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေ၊ ဥပဒေတွေ မိမိကိုယ်နှိုက်က မလေးစား မလိုက်နာဘူးဆိုရင်တော့ ဒါဒီမိုကရက်တစ် မဟုတ်ဘူး။ ဥပဒေ အကာအကွယ်ဆိုတာ အားလုံး တန်းတူညီတူ ဖြစ်ရမယ်။ အခုလိုမျိုး ဘာသာရေးနဲ့ ပတ်သက်တဲ့ လူစုလူဝေးနဲ့ ပတ်သက်လို့ လူမစုရဘူးလို့ ပြောထားသော်လည်း သူတို့က ညွှန်ကြားချက်တွေ ပေးနေတာလေ၊ ကိုယ်နှိုက်က မျက်နှာလွဲခဲပစ် လုပ်လို့မရဘူးလေ။ ကိုယ်ထုတ်ထားတဲ့ လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေကို ကိုယ်နှိုက်က လေးစားတန်ဖိုးထားရမယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် ဒီမိုကရက်တစ်နှုန်း စံတန်ဖိုးနဲ့ မညီဘူး ဒီမိုကရေစီနည်းလမ်း မကျဘူး။ ဒီမိုကရက်တစ် ဖြစ်ဖို့ဆိုရင် မိမိထုတ်ပြန်ထားတဲ့ ဥပဒေတွေကို မိမိကိုယ်တိုင် လေးစားလိုက်နာ တန်ဖိုးထားဖို့လိုတယ်။အဲဒီလိုဆိုရင် ပြည်သူလူထုက အော်အစိုးရကတောင် မိမိထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေ၊ ညွှန်ကြားချက်တွေ သူကိုယ်နှိုက်ကနေ စံပြအနေနဲ့ လုပ်ပြနေပါလား။ အဲလိုမှ မဟုတ်ဘဲ ငါတို့က ဥပဒေဘောင်အပြင်မှာ နေမယ်။ မင်းတို့ကတော့ ဥပဒေဘောင်ထဲကနေပါ ဆိုရင်တော့ ဒီမိုကရက်တစ် မဖြစ်သေးဘူး။ ဒီမိုကရေစီ နည်းလမ်းမကျဘူးလို့ ရှု့မြင်သုံးသပ်တယ်”
Source: Eleven Media, May 25, 2020

ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး
“ညွှန်ကြားချက်တွေမှာ ပါတယ်။ တာဝန်ရှိသူတွေက တာဝန်နဲ့ လုပ်တဲ့ဟာတွေဆိုရင် လုပ်လို့ရတယ်။ သေချာတော့ မပြောတတ်ဘူး”
Source: Eleven Media, May 25, 2020

Facebook Comments Box

Spread the love