Skip to content
ZOTUNG TUBENEWS

မိုးအောင်ရင်၏ ပြင်ဆင်ချက်အယူခံ တရားရုံး ပယ်ချ

Spread the love

ကာမလိမ်လည်မှုဖြင့် စွဲချက်တင်ထားသည့်အမှုကို သ ရုပ်ဆောင် မိုးအောင်ရင်က အရှေ့ ပိုင်းခရိုင်တရားရုံး၌ ပြင်ဆင်ချက်လျှောက်ထားမှုအပေါ် တရားရုံးက ပယ်ချကြောင်း မေလ ၂၉ ရက်တွင် အမိန့်ချခဲ့သည်။

‘‘သူတို့ရဲ့ ပြန်လည်ပြင်ဆင် ချက်အမိန့်ချတယ်။ ပလပ်လိုက် ပါတယ်။ တရားရုံးက မှန်မှန် ကန်ကန် ဆုံးဖြတ်ပေးသွားတဲ့အ တွက် ကျေနပ်ပါတယ်’’ဟု ယင်း အမှု၏ တရားလို မခင်မြတ်နိုးက ပြောသည်။

သရုပ်ဆောင် မိုးအောင်ရင် ကို ချစ်သူဟောင်း မခင်မြတ်နိုးက ကာမလိမ်လည်မှု ရာဇသတ်ကြီး ပုဒ်မ ၄၁၇ ဖြင့် ရန်ကင်းမြို့နယ် တရားရုံး၌ တရားစွဲခဲ့ခြင်းဖြစ်ပြီး မိုးအောင်ရင်ကို မတ်လ ၁၉ ရက်က ပုဒ်မ ၄၁၇ ဖြင့် စွဲချက်တင်ခဲ့သည်။ စွဲချက်တင်သည့်အပေါ် မိုးအောင်ရင်က အရှေ့ပိုင်းခရိုင် တရားရုံး၌ ပြင်ဆင်ချက် လျှောက် ထားခဲ့ပြီး မေလ ၂၉ ရက်တွင် အမိန့်ချခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယင်းအမှုကို ရန်ကင်းမြို့နယ်တရားရုံး၌ ဇွန်လ ၉ ရက်တွင် ဆက်လက်စစ်ဆေး မည်ဖြစ်သည်။

သရုပ်ဆောင် မိုးအောင်ရင် က ၎င်း၏ချစ်သူနှင့် ပြတ်စဲသည့် အကြောင်း မီဒီယာတစ်ခုအားဖြေ ကြားပြီးနောက် ချစ်သူဟောင်းက ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တ ရားစွဲဆိုခြင်းဖြစ်သည်။ ယင်းအမှု နှင့်ပတ်သက်၍ မိုးအောင်ရင်ကို ၂၀၁၉ ဒီဇင်ဘာ ၁၃ ရက် ရုံးချိန်း တွင် ကျပ်သိန်း ၁၀၀ တန် ခံဝန် နှစ်ဦးဖြင့် အာမခံပေးခဲ့သည်။

ကာမလိမ်လည်မှု ပြစ်ဒဏ် ကျူးလွန်ကြောင်း စစ်ဆေးတွေ့ ရှိပါက ထောင်ဒဏ်သုံးနှစ်အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု ရာဇ သတ်ကြီးတွင် ဖော်ပြထားသည်။

Credit – 7Day News

Facebook Comments Box

Spread the love

Leave a comment

Your email address will not be published. Required fields are marked *