Skip to content
ZOTUNG TUBENEWS

“သေသွားလဲ မ ဘေးနားမှာအမြဲရှိနေမယ်”

Spread the love

လက်ထဲမှာ “သေသွားလဲ မ ဘေးနားမှာအမြဲရှိနေမယ်”ဆိုတဲ့ စာရွက်ကိုင်ဆောင်ပြီး အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လာရှိုးမြို့ပေါ်ရပ်ကွက် ၁၂ မှာ ဒီကနေ့မနက် ၆ နာရီ ဝန်းကျင် နယ်စည်းမခြားဆရာဝန်ရုံးရှေ့က ပိတောက်ပင်မှာ ကြိုးစွဲချသေဆုံးမှု ဖြစ်ခဲ့တယ်လို့ လာရှိုးလူငယ်များ လူမှုကူညီရေးအဖွဲ့ကနေ သိရပါတယ်။

” ကျွန်တော်သေသွားလဲ မ ဘေးနားမှာ အမြဲရှိနေမယ်” ဆိုတဲ့စာတစ်စောင်၊ ” မရယ် ကျွန်တော် ထားမသွားပါနဲ့နော် မ သာ ကျွန်တော် ထားသွားရင် ကျွန်တော် သေလိမ့်မယ် ကျွန်တော်လဲလူပါ သေရမှာကို အရမ်းကြောက်တယ် သေရမှာကို ကြောက်ပေမယ့် မ မချစ်တော့တဲ့ ဘဝကြီးမှာ အသက်ရှင်ရမှာကို ပိုပြီးတော့ ကြောက်တယ်” ဆိုတဲ့စာကို လက်ထဲမှာကိုင်ကာ ပိတောက်ပင်ပေါ် ကနေ ပုဆိုးကွင်းနဲ့ ကြိုးဆွဲချ သေဆုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်မှာ ကြိုးဆွဲချ သေဆုံးခဲ့တဲ့ အမျိုးသားက အသက် ၂၀ ဝန်းကျင်ဖြစ်ပြီး ပန်းတောက်ပင်ပေါ်မှာ ကြိုးဆွဲချသေဆုံးနေတာကို တွေ့ရှိခဲ့တာကြောင့် နယ်မြေရဲစခန်းက တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကာ ကားခေါင်မိုးပေါ်တက် ဖြုတ်ချခဲ့ရတာဖြစ်ပါတယ်။

ကြိုးဆွဲချသေဆုံးသူရဲ့ ရုပ်အလောင်းကို လားရှိုးဆေးရုံကြီးက ရင်ခွဲရုံကို ပို့ပေးခဲ့တယ်လို့ လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့က ကိုစိုင်းဝသုန်ထွန်းကပြောပါတယ်။

#voiceofmyanmar

Facebook Comments Box

Spread the love

Leave a comment

Your email address will not be published. Required fields are marked *