Skip to content
ZOTUNG TUBENEWS

ဆႏၵေတြ မေစာၾကပါနဲ႔

Spread the love

သူရႈံးေနရာကေန အႏိုင္ရေအာင္ ေ႐ြးေကာက္ပြဲရလဒ္ကို ေျပာင္းျပန္လွန္ဖို႔ Trump က ႀကိဳးစားေနတယ္ဆိုၿပီး အျပစ္တင္ ရႈတ္ခ်ေနၾကတယ္။

သူ အရႈံးေပးသင့္ၿပီလို႔ သူအႏိုင္ရမွာကို မလိုလားသူတခ်ိဳ႕က ေရးသား ေျပာဆိုမႈေတြကိုေတြ႕ေနရပါတယ္။

မွန္ပါတယ္။ မသမာမႈေတြမရွိခဲ့ဘူး၊ မဲေတြေရတြက္မႈမွာ အမွားအယြင္းမရွိခဲ့ဘူး၊ အသုံးျပဳတဲ့မဲေပးစံနစ္ Dominian Voting System (DVS) နဲ႔ Smartmatic software ေတြကလည္း လိမ္လည္လွည့္စားျခင္းမရွိခဲ့ဘူး၊

ျပည္နယ္တခ်ိဳ႕မွာ ေ႐ြးေကာက္ပြဲနီးမွ စည္းကမ္းသတ္ မွတ္ခ်က္ ဥပေဒေတြ ေျပာင္းတာမလုပ္ခဲ့ဘူး၊ ေသဆုံးၿပီးသားသူေတြရဲ႕ နာမည္နဲ႔ မဲေတြ မေတြ႕ခဲ့ရဘူး၊ လိပ္စာမွာမေနထိုင္သူေတြရဲ႕ မဲေတြမေတြ႕ခဲ့ရဘူး အစရွိသျဖင့္ မသကၤာစရာေတြ ဘာမွမေတြ႕ခဲ့ရဘူး၊ မရွိခဲ့ဘူးဆိုရင္ေတာ့ Trump က တရားဝင္အရႈံးေပးသင့္ပါတယ္။

အခု Trump ရဲ႕ေရွ႕ေနေတြ လက္ခံရရွိထားတဲ့ သက္ေသအေထာက္အထားေတြထဲမွာေအာက္ပါအခ်က္အလက္ေတြပါဝင္ပါတယ္။

မဲေပးသူ၊ မဲ႐ုံႀကီးၾကပ္သူ၊ DVS ရဲ႕ အေၾကာင္းကို အတြင္းက်က်သိထားသူေတြရဲ႕ တရားဝင္ က်မ္းက်ိန္ၿပီး လက္မွတ္ထိုးထားတဲ့ Affidavit ေတြ တစ္တိုင္ငံလုံးအတိုင္းအတာအရ ရာ နဲ႔ခ်ီၿပီး ရွိေနပါတယ္။

သခ်ၤာပါေမာကၡေတြရဲ႕ ကိန္းဂဏာန္းအေပၚ အေျခခံၿပီး တြက္ခ်က္ထားတဲ့ ေတြ႕ရွိခ်က္ေတြရယ္၊ ဒီ့ထက္ပိုဆိုးတာက အေျခခံဥပေဒကို ခ်ိဳးေဖာက္တဲ့ လုပ္ရပ္ေတြရယ္၊

Germany ႏိုင္ငံ Frankfurt ၿမိဳ႕မွာ သိမ္းဆည္းရမိခဲ့တဲ့ မဲေရတြက္မႈကို ေစာင့္ၾကည့္တဲ့ computer server ေတြေၾကာင့္ လုံၿခဳံေရးက်ိဳးေပါက္ေနတာေတြရယ္ ကိုပါ ေတြ႕ရွိရတယ္။

ဒီ သက္ေသအေထာက္အထားေတြကို အခ်ိန္တန္ရင္ တရား႐ုံးမွာ တင္ျပဖို႔ စီစဥ္ေနပါတယ္၊ စိတ္ရွည္ၾကပါ လို႔ ေရွ႕ေနေတြကေျပာထားပါတယ္။

အဲဒီသက္ေသ အေထာက္အထားေတြဟာ ခိုင္လုံမႈမရွိရင္ေတာ့ တရား႐ုံးမွာ သူတို႔ ရႈံးမွာပါပဲ။

အျမင့္ဆုံးတရား႐ုံး Supreme Court က မင္းတို႔ရႈံးပီေဟ့လို႔ ဆိုလိုက္တာနဲ႔ Trump နဲ႔ သူ႔အဖြဲ႕ေတြဟာ ဒီမိုကရက္ေတြသာမက တစ္ကမာၻလုံးရဲ႕ ျပစ္တင္ ကဲ့ရဲ႕ ေလွာင္ေျပာင္သံေတြခံရင္း ဇာတ္သိမ္းသြားၾကမွာျဖစ္ပါတယ္။

ဒါကိုစိုးရိမ္တဲ့ ရီပတ္ဘလီကန္တခ်ိဳ႕ကလည္း Trump ကို အရႈံးေပးဖို႔ တိုက္တြန္းေနၾကပါတယ္။ အဲဒီ Republican မ်ိဳးကို (႐ိုင္ႏို – RINO) “Republican In Name Only” လို႔ ေခၚၾကပါတယ္။ Republican ဆိုၿပီး နာမည္ခံ႐ုံသက္သက္ပါ။ မင္းျဖစ္ မင္းခံဆိုတဲ့ ပါတီအေပၚ သစၥာမခံသူေတြေပါ့။

Affidavit ဆိုတဲ့ က်မ္းက်ိန္လႊာမွာ လက္မွတ္ထိုးတဲ့သူေတြရဲ႕ စြန႔္စားမႈကို ၾကည့္ရေအာင္။

Affidavit ေပၚမွာ လက္မွတ္ထိုးသူေတြဟာ အကယ္၍ သူတို႔သာ လိမ္ညာထြက္ဆိုေၾကာင္း တရား႐ုံးကေတြ႕ရွိခဲ့ရင္ ေထာင္ဒဏ္၊ ေငြဒဏ္ အျပစ္ေပးတာကို ခံပါမယ္ဆိုၿပီး သူ႔သေဘာနဲ႔သူ ေရွ႕ထြက္လာ တရားဝင္ က်မ္းက်ိန္ လက္မွတ္ထိုးထားသူေတြျဖစ္ပါတယ္။

ဒီလိုေရွ႕ထြက္လာတာေၾကာင့္ သူတို႔ရဲ႕ အသက္ ကိုၿခိမ္းေျခာက္တာခံေနရတယ္။ သူတို႔ရဲ႕ အလုပ္ကေနျပဳတ္ႏိုင္တယ္။ လမ္းမွာေတြ႕ရင္ ရန္ျပဳခံရႏိုင္တယ္။

ဒီလူေတြဟာ တရားမွ်တ သန႔္ရွင္းမႈရွိၿပီး လူေတြအားလုံးက ယုံၾကည္မႈအျပည့္ရွိတဲ့ေ႐ြးေကာက္ပြဲ တစ္ခုျဖစ္ေပၚလာေရးအတြက္ ကိုယ့္ထမင္းကိုယ္စားၿပီး တရား႐ုံးမွာ သက္ေသထြက္ဆိုမယ့္သူေတြျဖစ္ပါတယ္။

တနည္းအားျဖင့္ Trump ကို အရႈံးမေပးပါနဲဲ့၊ အျမင့္ဆုံးတရား႐ုံးက အဆုံးအျဖတ္ေပးတဲ့အထိ ဆက္ ဖိုက္ပါလို႔ အားေပးေနတာနဲ႔ အတူတူပါပဲ။

ဒီၾကားထဲက Trump သာ အရႈံးေပးလိုက္ရင္ ဒီလူေတြကို ေစာ္ကားရာေရာက္ပီေပါ့။ ဒီလူေတြကို Trump ဖက္က ေလးစားအသိအမွတ္ျပဳရပါမယ္။ ကမာၻႀကီးကလည္း အေမရိကန္ရဲ႕ ေ႐ြးေကာက္ပြဲကို ဘယ္ယုံေတာ့မလည္း။

Trump ဟာ ေ႐ြးေကာက္ပြဲရလဒ္ကို ေျပာင္းျပန္လွန္ဖို႔ႀကိဳးစားေနတယ္လို႔ မျမင္ပါဘူး။ သူ ႏိုင္ပါတယ္ဆိုတာကို သက္ေသျပဖို႔ ႀကိဳးစားေနတာလို႔ျမင္ပါတယ္။

အကယ္၍ ေ႐ြးေကာက္ပြဲမွာ မသမာမႈေတြကို ထုတ္ေဖာ္ျပသႏိုင္ခဲ့ရင္ မီဒီယာေတြရဲ႕အကူအညီနဲ႔ ေ႐ြးေကာက္ပြဲရလဒ္ကို ေျပာင္းျပန္လွန္ေနတာဟာ ဒီမိုကရက္ေတြသာျဖစ္ေၾကာင္း သက္ေသျပရာေရာက္သလို ေနာက္ေလးႏွစ္ အိမ္ျဖဴေတာ္မွာ ဆက္လက္ေနသြားႏိုင္မယ္မဟုတ္ပါလား….။

2000 ခုႏွစ္ေ႐ြးေကာက္ပြဲမွာ Bush နဲ႔ Al Gore တို႔ရဲ႕အမႈဟာ 37 ရက္ၾကာၿပီးမွ တရား႐ုံးက အမိန႔္ခ်တယ္။

2016 ေ႐ြးေကာက္ပြဲမွာ Trump ဟာ Russia နဲ႔ေပါင္းၿပီး အႏိုင္ရေအာင္လုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ Affidavit တစ္ခုမွမရွိ၊တျခားဘာအေထာက္အထားမွမရွိပဲ ဒီမိုကရက္ေတြ Trump ကိုျဖဳတ္ဖို႔ႀကိဳးစားတာ သုံးႏွစ္နီးပါးၾကာတယ္။ ဘာအျပစ္မွ မေတြ႕ခဲ့ၾကဘူး။

အခုအမႈက Dec 14 မတိုင္ခင္ အေျဖသိရမွာေသျခာေနတာကို ဘာေၾကာင့္ မေစာင့္ႏိုင္ၾကတာလည္း။ ဒီေမးခြန္းရဲ႕အေျဖကေတာ့ ဒီမိုကရက္ေတြနဲ႔ တခ်ိဳ႕ရီပတ္ဘလီကန္ေတြရဲ႕ ျခစားမႈ အပုပ္နံ႔ေတြ တလႈိင္လႈိင္ထြက္လာေတာ့မွာကို စိုးရိမ္ေနၾကလို႔ပဲျဖစ္ပါတယ္။

ျမန္မာႏိုင္ငံကေ႐ြးေကာ္ကို ကန႔္ကြက္ေနသူေတြလည္း Affidavit မွာ လက္မွတ္ထိုးၿပီးမွ ကန႔္ကြက္ဆႏၵျပၾကဖို႔ တိုက္တြန္းပါတယ္။

Thanks for reading
CRD_Thein Lwin

Unicode

🎶ဆန္ဒတွေ မစောကြပါနဲ့🎶

သူရှုံးနေရာကနေ အနိုင်ရအောင် ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ဖို့ Trump က ကြိုးစားနေတယ်ဆိုပြီး အပြစ်တင် ရှုတ်ချနေကြတယ်။

သူ အရှုံးပေးသင့်ပြီလို့ သူအနိုင်ရမှာကို မလိုလားသူတချို့က ရေးသား ပြောဆိုမှုတွေကိုတွေ့နေရပါတယ်။

မှန်ပါတယ်။ မသမာမှုတွေမရှိခဲ့ဘူး၊ မဲတွေရေတွက်မှုမှာ အမှားအယွင်းမရှိခဲ့ဘူး၊ အသုံးပြုတဲ့မဲပေးစံနစ် Dominian Voting System (DVS) နဲ့ Smartmatic software တွေကလည်း လိမ်လည်လှည့်စားခြင်းမရှိခဲ့ဘူး၊

ပြည်နယ်တချို့မှာ ရွေးကောက်ပွဲနီးမှ စည်းကမ်းသတ် မှတ်ချက် ဥပဒေတွေ ပြောင်းတာမလုပ်ခဲ့ဘူး၊ သေဆုံးပြီးသားသူတွေရဲ့ နာမည်နဲ့ မဲတွေ မတွေ့ခဲ့ရဘူး၊ လိပ်စာမှာမနေထိုင်သူတွေရဲ့ မဲတွေမတွေ့ခဲ့ရဘူး အစရှိသဖြင့် မသင်္ကာစရာတွေ ဘာမှမတွေ့ခဲ့ရဘူး၊ မရှိခဲ့ဘူးဆိုရင်တော့ Trump က တရားဝင်အရှုံးပေးသင့်ပါတယ်။

အခု Trump ရဲ့ရှေ့နေတွေ လက်ခံရရှိထားတဲ့ သက်သေအထောက်အထားတွေထဲမှာအောက်ပါအချက်အလက်တွေပါဝင်ပါတယ်။

မဲပေးသူ၊ မဲရုံကြီးကြပ်သူ၊ DVS ရဲ့ အကြောင်းကို အတွင်းကျကျသိထားသူတွေရဲ့ တရားဝင် ကျမ်းကျိန်ပြီး လက်မှတ်ထိုးထားတဲ့ Affidavit တွေ တစ်တိုင်ငံလုံးအတိုင်းအတာအရ ရာ နဲ့ချီပြီး ရှိနေပါတယ်။

သင်္ချာပါမောက္ခတွေရဲ့ ကိန်းဂဏာန်းအပေါ် အခြေခံပြီး တွက်ချက်ထားတဲ့ တွေ့ရှိချက်တွေရယ်၊ ဒီ့ထက်ပိုဆိုးတာက အခြေခံဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေရယ်၊

Germany နိုင်ငံ Frankfurt မြို့မှာ သိမ်းဆည်းရမိခဲ့တဲ့ မဲရေတွက်မှုကို စောင့်ကြည့်တဲ့ computer server တွေကြောင့် လုံခြုံရေးကျိုးပေါက်နေတာတွေရယ် ကိုပါ တွေ့ရှိရတယ်။

ဒီ သက်သေအထောက်အထားတွေကို အချိန်တန်ရင် တရားရုံးမှာ တင်ပြဖို့ စီစဉ်နေပါတယ်၊ စိတ်ရှည်ကြပါ လို့ ရှေ့နေတွေကပြောထားပါတယ်။

အဲဒီသက်သေ အထောက်အထားတွေဟာ ခိုင်လုံမှုမရှိရင်တော့ တရားရုံးမှာ သူတို့ ရှုံးမှာပါပဲ။

အမြင့်ဆုံးတရားရုံး Supreme Court က မင်းတို့ရှုံးပီဟေ့လို့ ဆိုလိုက်တာနဲ့ Trump နဲ့ သူ့အဖွဲ့တွေဟာ ဒီမိုကရက်တွေသာမက တစ်ကမ္ဘာလုံးရဲ့ ပြစ်တင် ကဲ့ရဲ့ လှောင်ပြောင်သံတွေခံရင်း ဇာတ်သိမ်းသွားကြမှာဖြစ်ပါတယ်။

ဒါကိုစိုးရိမ်တဲ့ ရီပတ်ဘလီကန်တချို့ကလည်း Trump ကို အရှုံးပေးဖို့ တိုက်တွန်းနေကြပါတယ်။ အဲဒီ Republican မျိုးကို (ရိုင်နို – RINO) “Republican In Name Only” လို့ ခေါ်ကြပါတယ်။ Republican ဆိုပြီး နာမည်ခံရုံသက်သက်ပါ။ မင်းဖြစ် မင်းခံဆိုတဲ့ ပါတီအပေါ် သစ္စာမခံသူတွေပေါ့။

Affidavit ဆိုတဲ့ ကျမ်းကျိန်လွှာမှာ လက်မှတ်ထိုးတဲ့သူတွေရဲ့ စွန့်စားမှုကို ကြည့်ရအောင်။

Affidavit ပေါ်မှာ လက်မှတ်ထိုးသူတွေဟာ အကယ်၍ သူတို့သာ လိမ်ညာထွက်ဆိုကြောင်း တရားရုံးကတွေ့ရှိခဲ့ရင် ထောင်ဒဏ်၊ ငွေဒဏ် အပြစ်ပေးတာကို ခံပါမယ်ဆိုပြီး သူ့သဘောနဲ့သူ ရှေ့ထွက်လာ တရားဝင် ကျမ်းကျိန် လက်မှတ်ထိုးထားသူတွေဖြစ်ပါတယ်။

ဒီလိုရှေ့ထွက်လာတာကြောင့် သူတို့ရဲ့ အသက် ကိုခြိမ်းခြောက်တာခံနေရတယ်။ သူတို့ရဲ့ အလုပ်ကနေပြုတ်နိုင်တယ်။ လမ်းမှာတွေ့ရင် ရန်ပြုခံရနိုင်တယ်။

ဒီလူတွေဟာ တရားမျှတ သန့်ရှင်းမှုရှိပြီး လူတွေအားလုံးက ယုံကြည်မှုအပြည့်ရှိတဲ့ရွေးကောက်ပွဲ တစ်ခုဖြစ်ပေါ်လာရေးအတွက် ကိုယ့်ထမင်းကိုယ်စားပြီး တရားရုံးမှာ သက်သေထွက်ဆိုမယ့်သူတွေဖြစ်ပါတယ်။

တနည်းအားဖြင့် Trump ကို အရှုံးမပေးပါနဲဲ့၊ အမြင့်ဆုံးတရားရုံးက အဆုံးအဖြတ်ပေးတဲ့အထိ ဆက် ဖိုက်ပါလို့ အားပေးနေတာနဲ့ အတူတူပါပဲ။

ဒီကြားထဲက Trump သာ အရှုံးပေးလိုက်ရင် ဒီလူတွေကို စော်ကားရာရောက်ပီပေါ့။ ဒီလူတွေကို Trump ဖက်က လေးစားအသိအမှတ်ပြုရပါမယ်။ ကမ္ဘာကြီးကလည်း အမေရိကန်ရဲ့ ရွေးကောက်ပွဲကို ဘယ်ယုံတော့မလည်း။

Trump ဟာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ဖို့ကြိုးစားနေတယ်လို့ မမြင်ပါဘူး။ သူ နိုင်ပါတယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားနေတာလို့မြင်ပါတယ်။

အကယ်၍ ရွေးကောက်ပွဲမှာ မသမာမှုတွေကို ထုတ်ဖော်ပြသနိုင်ခဲ့ရင် မီဒီယာတွေရဲ့အကူအညီနဲ့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်နေတာဟာ ဒီမိုကရက်တွေသာဖြစ်ကြောင်း သက်သေပြရာရောက်သလို နောက်လေးနှစ် အိမ်ဖြူတော်မှာ ဆက်လက်နေသွားနိုင်မယ်မဟုတ်ပါလား….။

2000 ခုနှစ်ရွေးကောက်ပွဲမှာ Bush နဲ့ Al Gore တို့ရဲ့အမှုဟာ 37 ရက်ကြာပြီးမှ တရားရုံးက အမိန့်ချတယ်။

2016 ရွေးကောက်ပွဲမှာ Trump ဟာ Russia နဲ့ပေါင်းပြီး အနိုင်ရအောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Affidavit တစ်ခုမှမရှိ၊တခြားဘာအထောက်အထားမှမရှိပဲ ဒီမိုကရက်တွေ Trump ကိုဖြုတ်ဖို့ကြိုးစားတာ သုံးနှစ်နီးပါးကြာတယ်။ ဘာအပြစ်မှ မတွေ့ခဲ့ကြဘူး။

အခုအမှုက Dec 14 မတိုင်ခင် အဖြေသိရမှာသေခြာနေတာကို ဘာကြောင့် မစောင့်နိုင်ကြတာလည်း။ ဒီမေးခွန်းရဲ့အဖြေကတော့ ဒီမိုကရက်တွေနဲ့ တချို့ရီပတ်ဘလီကန်တွေရဲ့ ခြစားမှု အပုပ်နံ့တွေ တလှိုင်လှိုင်ထွက်လာတော့မှာကို စိုးရိမ်နေကြလို့ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံကရွေးကော်ကို ကန့်ကွက်နေသူတွေလည်း Affidavit မှာ လက်မှတ်ထိုးပြီးမှ ကန့်ကွက်ဆန္ဒပြကြဖို့ တိုက်တွန်းပါတယ်။

Thanks for reading
CRD_Thein Lwin

Facebook Comments Box

Spread the love

Leave a comment

Your email address will not be published. Required fields are marked *