Skip to content
ZOTUNG TUBENEWS

ပုဂံဘုရားငါးဆူ ဖောက်ထွင်းခံရ

Spread the love

ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေ တောင်ဘီကျေး ရွာ ရွာဟောင်းကြီးဘုရားစုမှ ဘုရားငါးဆူ၏ ကွမ်းတောင်များ ဖောက်ထွင်းခံခဲ့ရကြောင်း ရှေး ဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးမြင့် သန်းက ပြောသည်။

ရှေးဟောင်းသုတေသနဦး စီးဌာနတာဝန်ရှိသူများ၊ လုံခြုံရေး တာဝန်ရှိသူများနှင့် ဧည့်လမ်းညွှန် အသင်းတို့ ပူးပေါင်း၍ နေ့စဉ် လှည့်လည်စစ်ဆေးရာမှ ဇွန်လ ၈ ရက်တွင် ဘုရားကွမ်းတောင်များ ဖောက်ထွင်းခံထားရသည်ကို တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘အနီးအနားမှာ ဌာနက ထိန်းသိမ်းရေး ဆောင်ရွက်နေတာ ရှိတယ်။ နေ့ဘက်တော့ သူတို့ရှိ တော့ မဖြစ်နိုင်ဘူးလို့ သုံးသပ် တယ်။ မနေ့က(ဇွန်လ ၇ရက်) ညနေအလုပ်တွေ သိမ်းတဲ့အချိန် ညပိုင်းဖြစ်တာလို့ ခန့်မှန်းတာ ပေါ့’’ဟု ဦးမြင့်သန်းက ပြော သည်။

ဖောက်ထွင်းခံထားရသည့် ဘုရားများဝန်းကျင်သို့ လိုက်လံ စစ်ဆေးရာတွင် မူးယစ်ဆေးသုံးစွဲ ရာတွင် အသုံးပြုသည့် ပစ္စည်း များကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဦးမြင့်သန်းက ပြောသည်။

ပျက်စီးဆုံးရှုံးမှုစာရင်းပြုစု နေပြီး တိုင်းအစိုးရနှင့် သက်ဆိုင် ရာဝန်ကြီးဌာနသို့ အစီရင်ခံစာ တင်ပြသွားမည်ဖြစ်ပြီး ပုဂံရဲစခန်း တွင် အမှုဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

COVID-19 ကာလအတွင်း ဧပြီ ၃၀ ရက်ကစတင်ကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားများကို အဖွဲ့သုံးဖွဲ့ခွဲကာ နေ့စဉ်လှည့်လည်စစ်ဆေးမှုများ ပြုလုပ်နေကြောင်းပုဂံညောင်ဦးဧည့်လမ်းညွှန်အသင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

Credit – 7daw News

Facebook Comments Box

Spread the love

Leave a comment

Your email address will not be published. Required fields are marked *