Skip to content
ZOTUNG TUBENEWS

ကိုရိုနာဗိုင်းရပ်စ်ဟာ လူလုပ်ဗိုင်းရပ်စ် ဖြစ်တယ်လို့ MI16 အကြီးအကဲဟောင်း ပြော

Spread the love

ကိုရိုနာဗိုင်းရပ်စ်ဟာ လူကဖန်တီးတဲ့ဗိုင်းရပ်စ်ဖြစ်ပြီး တရုတ်နိုင်ငံရှိ ဓာတ်ခွဲခန်းတစ်ခုကနေ မတော်တဆ အပြင်ကို ရောက်သွားတာဖြစ်တယ်လို့ ဗြိတိသျှ ထောက်လှမ်းရေးအဖွဲ့ MI16 အကြီးအကဲဟာင်းက ပြောဆိုလိုက်ပါတယ်။

MI16 မှာ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ ဆာ ရစ်ချတ် ဒီးယားလပ်ဗ်က COVID-19 ရောဂါဟာ လူလုပ်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာလို့ ပြောတာပါ။ လန်ဒန်တက္ကသိုလ်၊ စိန့်ဂျော့ဂျ် ဆေးရုံက ပါမောက္ခ အန်းဂတ်စ် ဒဲဂလစ်ရှ်နဲ့ နော်ဝေ ဗိုင်းရပ်စ် ပညာရှင် ဘာဂါ ဆိုရင်ဆန်တို့ရဲ့ အထူးအစီရင်ခံစာကို ကိုးကားပြီး ဆာ ရစ်ချတ် ဒီးယားလပ်ဗ်က ပြောတာဖြစ်ပါတယ်။

Sars-CoV-2 ဗိုင်းရပ်စ် အတက်တွေရဲ့ မျက်နှာပြင်ဟာ လေ့လာခဲ့သမျှ တခြား Sars တွေနဲ့ ထူးခြားစွာ တမူကွဲပြားနေတယ်လို့ အထူးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ဆုံးရှုံးမှုတွေအတွက် တရုတ်နိုင်ငံက ကမ္ဘာကို လျော်ကြေးပေးဖို့ အခုအစီရင်ခံစာက တွန်းအားပေးလိမ့်မယ်လို့လည်း ဆာ ရစ်ချတ်က ပြောပါတယ်။ အခု အစီရင်ခံစာကို အကြိမ်ကြိမ် ပြင်ဆင်ဖြည့်စွက်ရေးသားထားတာ ဖြစ်ပြီး အစောပိုင်း မူကြမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို ‘ဝူဟန် ဗိုင်းရပ်စ်’ လို့ ခေါ်နိုင်ကြောင်း ဖော်ပြထားတယ်လို့လည်း သူက ပြောပါတယ်။

အခု လက်ရှိမှာ COVID-19 ရောဂါ ကာကွယ်ဆေး ရှာဖွေဖော်ထုတ်နေကြတာဟာလည်း ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို သိပ္ပံပညာရှင်တွေ နားလည်မှု လွဲနေရင် မအောင်မြင်နိုင်ဘူးလို့လည်း သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Credit – MCN TV NEWS

Facebook Comments Box

Spread the love

Leave a comment

Your email address will not be published. Required fields are marked *