Skip to content
ZOTUNG TUBENEWS

ဆိုဗီယက္ေခတ္ စစ္စခန္းေဟာင္းတခုတြင္ တင့္ကား၊ တိုက္ေလယာဥ္၊ ရဟတ္ယာဥ္အမ်ားအျပား စြန႔္ပစ္ထား

Spread the love

တချိန်က ဆိုဗီယက်ယူနီယံသည် ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးတခုဖြစ်ခဲ့သည်။ အမေရိကန်နှင့်ယှဉ်နိုင်သော ကြီးမားသည့်စစ်အင်အားရှိခဲ့သည်။ သို့သော် ၁၉၈၉ တွင် ဆိုဗီယက်နိုင်ငံပြိုကွဲသွားပြီး နိုင်ငံငယ်လေးများခွဲထွက်ခါ ပင်မရုရှားနိုင်ငံအဖြစ် ကျန်ရှိခဲ့သည်။ ပြိုကွဲသွားသောနိုင်ငံနည်းတူ စစ်အင်အားလည်း ကျဆင်းသွားသည်။ စစ်လက်နက်ပစ္စည်းများ အမှိုက်ပုံအဖြစ် ကျန်ရှိခဲ့သည်။

ယခုကောင်းကင်ဓာတ်ပုံတခုမှနေ၍ ရုရှားနိုင်ငံအရှေ့ဖျားဒေသတွင် ဆိုဗီယက်ခေတ်မှ ကြွင်းကျန်စွန့်ပစ်ထားသော လေယာဉ်များ၊ တင့်ကားများကို တွေ့ရသည်။ ဆိုဗီယက်တို့၏ စွမ်းအားထက် MIG- 23 ဂျက်တိုက်လေယာဉ်နှစ်စီးကို အမှိုက်ပုံထဲတွင် ၂၅ နှစ်ကြာ စွန့်ပစ်ထားသည်ကို တွေ့ရသလို ထောင်နှင့်ချီသော တင့်ကားများကိုလည်း စွန့်ပစ်ထားသည်။ ဂျက်တိုက်လေယာဉ်များကို ဆာခါလင်းလေတပ်အခြေစိုက်စခန်း၌ စွန့်ပစ်ထားသည်။ ယင်လေယာဉ်များကို ၁၉၇၀ ပြည့်နှစ်က တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ယင်းလေယာဉ်အပျက်အစီးများ၊ ရဟတ်ယာဉ်အပျက်များသည် ယင်းဒေသတွင် နှစ်ပေါင်း ၄၅ နှစ်ကြာ တွေ့မြင်နေရဆဲဖြစ်သည်။

အဆိုပါ ဆိုဗီယက်ခေတ် လက်ကျန်စစ်လေယာဉ်များ၊ အပျက်အစီးများရှိရာကို မော်စကိုမှ ဓာတ်ပုံသမား လာနာဆေတာက ခရီးထွက်ရင်း ဓာတ်ပုံကင်မရာဖြင့်လည်းကောင်း၊ ဒရုန်းအသုံးပြု၍လည်းကောင်း ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အံ့သြစရာတွေ့ရှိခဲ့ရသည့် အဆိုပါစစ်ပစ္စည်းများကို ယခုကဲ့သို့ ကြည့်ရှုခွင့်ရခြင်းသည် အခွင့်အလမ်းတရပ်ပင် ဖြစ်သည်။ ဆိုဗီယက်ယူနီယံနိုင်ငံခေတ်က ဆိုဗီယက်ရုရှားတွင် စစ်သည်အင်အား ၄ သန်းနှင့် ၅ သန်းကြားရှိသည်။ ဆိုဗီယက်ခေတ်တွင် အရွယ်ရောက်ပြီး ကျန်းမာသန်စွမ်းသူတိုင်း တပ်မတော်တွင် အနည်းဆုံး နှစ်နှစ်တာဝန်ထမ်း ဆောင်ကြရသည်။ ဆိုဗီယက်ခေတ် ၁၉၄၅ မှ ၁၉၉၁ ခုနှစ်အတွင်း ဆိုဗီယက်ယူနီယံတွင် စစ်အင်အားအရ တင့်ကားပေါင်း ၂၀၀၀၀၊ တိုက်ပွဲဝင်ရဟတ်ယာဉ်ပေါင်း ၁၅၀၀ တိုက်ပွဲဝင်သံချပ်ကာပေါင်း ၃၀၀၀၀ နှင့် အမြောက်လက်နက်ကြီးပေါင်း ၁၃၀၀၀ ခန့်ရှိခဲ့သည်။

၁၉၈၉ တွင် ဘာလင်တံတိုင်းပြိုကျသွားသည်။ စစ်အေးကာလပြီးဆုံးသွားသည်။ ဆိုဗီယက်ယူနီယံပြိုကွဲရန် အကြောင်း ဖြစ်ပေါ်လာသည်။ ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဂေါ်ဘာချက်က ဆိုဗီယက်သမ္မတနိုင်ငံသစ် ထူထောင်ရန် ပါတီစုံစနစ် စတင်ထူထောင်ရန် ရွေးကောက်ပွဲများပြုလုပ်ပေးသည်။ တည်ငြိမ်သော ကွန်မြူနစ်စနစ်နှင့် ထိန်းချုပ်မှုများကြောင့် နောက်ဆုံးတွင် ပြည်နယ်များခွဲထွက်၍ သီးခြားနိုင်ငံထူထောင်လာပြီး ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားသည်။

source : NewsWatch

zawgyi

တခ်ိန္က ဆိုဗီယက္ယူနီယံသည္ ကမာၻ႔အင္အားႀကီး ႏိုင္ငံႀကီးတခုျဖစ္ခဲ့သည္။ အေမရိကန္ႏွင့္ယွဥ္ႏိုင္ေသာ ႀကီးမားသည့္စစ္အင္အားရွိခဲ့သည္။ သို႔ေသာ္ ၁၉၈၉ တြင္ ဆိုဗီယက္ႏိုင္ငံၿပိဳကြဲသြားၿပီး ႏိုင္ငံငယ္ေလးမ်ားခြဲထြက္ခါ ပင္မ႐ုရွားႏိုင္ငံအျဖစ္ က်န္ရွိခဲ့သည္။ ၿပိဳကြဲသြားေသာႏိုင္ငံနည္းတူ စစ္အင္အားလည္း က်ဆင္းသြားသည္။ စစ္လက္နက္ပစၥည္းမ်ား အမႈိက္ပုံအျဖစ္ က်န္ရွိခဲ့သည္။

ယခုေကာင္းကင္ဓာတ္ပုံတခုမွေန၍ ႐ုရွားႏိုင္ငံအေရွ႕ဖ်ားေဒသတြင္ ဆိုဗီယက္ေခတ္မွ ႂကြင္းက်န္စြန႔္ပစ္ထားေသာ ေလယာဥ္မ်ား၊ တင့္ကားမ်ားကို ေတြ႕ရသည္။ ဆိုဗီယက္တို႔၏ စြမ္းအားထက္ MIG- 23 ဂ်က္တိုက္ေလယာဥ္ႏွစ္စီးကို အမႈိက္ပုံထဲတြင္ ၂၅ ႏွစ္ၾကာ စြန႔္ပစ္ထားသည္ကို ေတြ႕ရသလို ေထာင္ႏွင့္ခ်ီေသာ တင့္ကားမ်ားကိုလည္း စြန႔္ပစ္ထားသည္။ ဂ်က္တိုက္ေလယာဥ္မ်ားကို ဆာခါလင္းေလတပ္အေျခစိုက္စခန္း၌ စြန႔္ပစ္ထားသည္။ ယင္ေလယာဥ္မ်ားကို ၁၉၇၀ ျပည့္ႏွစ္က တည္ေဆာက္ခဲ့ၾကျခင္းျဖစ္သည္။ ယင္းေလယာဥ္အပ်က္အစီးမ်ား၊ ရဟတ္ယာဥ္အပ်က္မ်ားသည္ ယင္းေဒသတြင္ ႏွစ္ေပါင္း ၄၅ ႏွစ္ၾကာ ေတြ႕ျမင္ေနရဆဲျဖစ္သည္။

အဆိုပါ ဆိုဗီယက္ေခတ္ လက္က်န္စစ္ေလယာဥ္မ်ား၊ အပ်က္အစီးမ်ားရွိရာကို ေမာ္စကိုမွ ဓာတ္ပုံသမား လာနာေဆတာက ခရီးထြက္ရင္း ဓာတ္ပုံကင္မရာျဖင့္လည္းေကာင္း၊ ဒ႐ုန္းအသုံးျပဳ၍လည္းေကာင္း ႐ိုက္ကူးခဲ့ျခင္းျဖစ္သည္။

အံ့ၾသစရာေတြ႕ရွိခဲ့ရသည့္ အဆိုပါစစ္ပစၥည္းမ်ားကို ယခုကဲ့သို႔ ၾကည့္ရႈခြင့္ရျခင္းသည္ အခြင့္အလမ္းတရပ္ပင္ ျဖစ္သည္။ ဆိုဗီယက္ယူနီယံႏိုင္ငံေခတ္က ဆိုဗီယက္႐ုရွားတြင္ စစ္သည္အင္အား ၄ သန္းႏွင့္ ၅ သန္းၾကားရွိသည္။ ဆိုဗီယက္ေခတ္တြင္ အ႐ြယ္ေရာက္ၿပီး က်န္းမာသန္စြမ္းသူတိုင္း တပ္မေတာ္တြင္ အနည္းဆုံး ႏွစ္ႏွစ္တာဝန္ထမ္း ေဆာင္ၾကရသည္။ ဆိုဗီယက္ေခတ္ ၁၉၄၅ မွ ၁၉၉၁ ခုႏွစ္အတြင္း ဆိုဗီယက္ယူနီယံတြင္ စစ္အင္အားအရ တင့္ကားေပါင္း ၂၀၀၀၀၊ တိုက္ပြဲဝင္ရဟတ္ယာဥ္ေပါင္း ၁၅၀၀ တိုက္ပြဲဝင္သံခ်ပ္ကာေပါင္း ၃၀၀၀၀ ႏွင့္ အေျမာက္လက္နက္ႀကီးေပါင္း ၁၃၀၀၀ ခန႔္ရွိခဲ့သည္။

၁၉၈၉ တြင္ ဘာလင္တံတိုင္းၿပိဳက်သြားသည္။ စစ္ေအးကာလၿပီးဆုံးသြားသည္။ ဆိုဗီယက္ယူနီယံၿပိဳကြဲရန္ အေၾကာင္း ျဖစ္ေပၚလာသည္။ ဆိုဗီယက္ေခါင္းေဆာင္ေဟာင္း ေဂၚဘာခ်က္က ဆိုဗီယက္သမၼတႏိုင္ငံသစ္ ထူေထာင္ရန္ ပါတီစုံစနစ္ စတင္ထူေထာင္ရန္ ေ႐ြးေကာက္ပြဲမ်ားျပဳလုပ္ေပးသည္။ တည္ၿငိမ္ေသာ ကြန္ျမဴနစ္စနစ္ႏွင့္ ထိန္းခ်ဳပ္မႈမ်ားေၾကာင့္ ေနာက္ဆုံးတြင္ ျပည္နယ္မ်ားခြဲထြက္၍ သီးျခားႏိုင္ငံထူေထာင္လာၿပီး ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲသြားသည္။

source : NewsWatch

Facebook Comments Box

Spread the love

Leave a comment

Your email address will not be published. Required fields are marked *