Spread the love
  •  
  •  
  •  
  •  
  •  

Home Myanmar မဲမသာမာမှု တရားစွဲဆိုမှုတွေကို ဘယ်တရားသူကြီးမှ မကိုင်ချင်ကြပဲ နောက်ဆုံး ကွန်ကရက်ကပဲ အဖြေထုတ်ပေးရတော့မယ့် 🇺🇸 2020 ရွေးကောက်ပွဲကြီ

မဲမသာမာမှု တရားစွဲဆိုမှုတွေကို ဘယ်တရားသူကြီးမှ မကိုင်ချင်ကြပဲ နောက်ဆုံး ကွန်ကရက်ကပဲ အဖြေထုတ်ပေးရတော့မယ့် 🇺🇸 2020 ရွေးကောက်ပွဲကြီ

Spread the love
  •  
  •  
  •  
  •  
  •  

2020 ရွေးကောက်ပွဲကြီးမှာ Trump ဖက်က ရှေ့နေတွေနဲ့ သီးခြားလူပုဂ္ဂိုလ်အသီးသီးက စွဲဆိုတဲ့အမှုပေါင်း ငါးဆယ်လောက်ရှိပေမယ့် တရားသူကြီးတွေကအကြောင်းအမျိုးမျိုးပြပြီး လက်ခံစစ်ဆေးခြင်း မရှိပါဘူး။ အကုန်ပယ်ချတာခံရပါတယ်။

“ဘဏ်ဓါးပြတိုက်ခံရတယ်။ပါသွားတဲ့ ငွေပမာဏက ဒီဘဏ်ကြီး (bankrupt) ဒေဝါလီ ခံရစရာအကြောင်းမရှိလို့ အမှုဖွင့်တာကို လက်မခံပါဘူး”……..ဆိုသလိုဖြစ်နေပါတယ်။

မသန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း သက်သေတွေအဖြစ် ဗီဒီယိုဖိုင်တွေ၊ အသံဖမ်းထားတာတွေ၊ ဒေတာတွေကို သုတေသနပြုထားတာတွေ၊ မဖြစ်နိုင်တဲ့ အချက်အလက်တွေ၊ မျက်မြင်သက်သေနဲ့ ကျမ်းကျိန်ဆိုထားတဲ့ အထောက်အထားတွေ အများအပြားရှိပေမယ့် Hot Potato လို ဘယ်တရားသူကြီးမှ မကိုင်ချင်ကြပါဘူး။ နားမထောင်ချင်ကြပါဘူး။

ဒါကြောင့် ကွန်ဂရက်ကပဲ နောက်ဆုံးအဖြေကိုထုတ်ပေးမှာဖြစ်ပါတယ်။ဒီမိုကရက်တွေနဲ့ မီဒီယာတွေကတော့ “သန့်ရှင်းမျှတတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။ မသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရပါဘူး” လို့ပဲ ဝါဒဖြန့်နေပါတယ်။မီဒီယာတွေက မဖော်ပြတဲ့သတင်းတစ်ခုကတော့..

Pennsylvania, Georgia, Michigan, Wisconsin, Arizona, Nevada နဲ့ New Mexico ပြည်နယ် တွေမှာ Electors (electoral vote ပေးသော ကိုယ်စားလှယ်များ) အမည်စာရင်း နှစ်မျိုးကို ကွန်ဂရက်ထံ တင်ပြထားပါတယ်။

ပုံမှန်ဆိုရင် တစ်ခုပဲ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှုး (Governor) ကအသိအမှတ်ပြုတဲ့ Joe Biden အနိုင်ရရှိတယ်ဆိုတာကတစ်ခု။ကျန်တစ်ခုကတော့ မဲမသမာမှုတွေရှိလို့ Biden နိုင်တယ်ဆိုတာကို ပြောင်းပြန်လှန်ပြစ်ဖို့ ပြည်နယ် ဥပပြုလွှတ်တော်အမတ် (ရီပတ်ဘလီကန်အများစု) တွေကတင်တဲ့ စာရင်းတစ်ခုဖြစ်ပါတယ်။

January 6 ရက်နေ့မှာ ကွန်ဂရက် က ဘယ်ဟာကိုရွေးမလဲဆိုတာ သိရပါမယ်။ရီပတ်ဘလီကန် အမတ်တချို့ကလည်း Biden နိုင်တာမဟုတ်၊ Trump သာအနိုင်ရရှိသူဖြစ်တယ်ဆိုတာကို ကွန်ဂရက်မှာကန့်ကွက်ပါလိမ့်မယ်။ Pennsylvania နဲ့ နောက်ပြည်နယ် သုံးခုလောက်ကို ပယ်ဖျက်နိုင်ရင် Biden ရတဲ့ electoral vote ဟာ 270 အောက်ဖြစ်သွားပါလိမ့်မယ်။

Biden အနိုင်ရရှိတဲ့မြို့နယ်အရေအတွက်ကအနည်းဆုံးဖြစ်ပြီး မဲ ကျတော့အများဆုံးရရှိတယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ အချက်အလက်ကိုဖော်ပြတဲ့ (online က ရတဲ့) ပုံဖြစ်ပါတယ်။ဂျိုးဘိုင်ဒင်က အိုဘားမားထက် မဲပိုရတယ်ဆိုတာက ပိုတောင်မဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။

Credit : Thein Lwin

Today: 1 Total: 303276
Facebook Comments


Spread the love
  •  
  •  
  •  
  •  
  •  

Most Popular

Thantlang khua kya kawkunaw kya CDF/CNA hae lu (11) a chih hae

Aug 28, 2023 nin Thantlang pe kya kawkumaw kya CDF te CNA rhawhooy hae lu (11) a chih hae.Ccousei vae rhawkaw hae te a...

Vice Presidentpaw Henry Van Thoi tuh NLD nynh Party thuanaw kyate phe a de hae

Anuhlang saw kya "vae rhawkaw hae nynh tuapaw Pinlung meetingpi kya kaebua te mee a sanbua keiccuze NLD Pary kyate zekhanin kya phe a...

Youtube minthaan nynh a sahkheihnung phe a chia

YouTube kya Ang hyng lante a min myarya thaanpaw Daniel Sancho Bronchalo nynh a sahkheihnung thuapaw Dr Edwin Arrieta Arteaga tuh ccezung te pyn...

Zotung CDF hae nynh anuh lan lonaw kya Ccungsung paw a bua hae paw.

Zotung CDF hae nynh “ahooyte raeringkuhnaw kae pya zah bua kae saw” cite ccaw a tho hae paw nynh thua. Thuasalama e sahkhung muihkuh...

Recent Comments

Facebook Comments

Spread the love
  •  
  •  
  •  
  •  
  •