Advertisement

ထိုင်ဝမ်ကို တော်ပီဒိုအကြီးစားတွေ ရောင်းချဖို့ အမေရိကန် အစိုးရ ခွင့်ပြုလိုက်ပြီ

Spread the love

ထိုင်ဝမ်ကို တော်ပီဒိုအကြီးစားတွေ ရောင်းချနိုင်ချေရှိတာကို ခွင့်ပြုလိုက်တယ်လို့ အမေရိကန်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (DCSA)က ထုတ်ပြန်ပါတယ်။ DCSA ရဲ့အပြောအရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက MK-48 Mod 6 နည်းပညာသုံးအကြီးစားတော်ပီဒို ၁၈ စင်းကို စုစုပေါင်းအမေရိကန်ဒေါ်လာသန်း ၁၈၀ နှုန်းနဲ့ ထိုင်ဝမ်ဆီရောင်းချဖို့ ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

တကယ်လို့နောက်ဆုံးရောင်းချလိုက်ပြီဆိုရင် ၂၀၂၀ ပြည့်နှစ်ထဲမှာ ထိုင်ဝမ်ကို အမေရိကန်ရဲ့ ပထမဆုံးလက်နက်ရောင်းချမှုဖြစ်လာမှာပါ။ DSCA ရဲ့အပြောအရ ရောင်းချမှုရဲ့ တစိတ်တပိုင်းအနေနဲ့ပါဝင်တဲ့ အစိတ်အပိုင်းတွေဟာ MK-48 Mod 6 အဆင့်မြင့်နည်းပညာသုံးအကြီးစားတော်ပီဒို ၁၈ စင်း၊ အပိုပစ္စည်းတွေ၊ ထောက်ပံ့စစ်ဆေးရေးကိရိယာ တွေနဲ့ တခြားပစ္စည်းတွေလည်းပါဝင်မှာပါ။

ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်ရဲ့ဒုတိယသက်တမ်းအတွက် ကျမ်းကျိန်မယ့်နေ့မတိုင်ခင်တစ်ရက်မှာ ရောင်းချခွင့်ပြု လိုက်တယ်လို့ သိရပါတယ်။။ ထိုင်ဝမ်သမ္မတရဲ့ ကျမ်းကျိန်သစ္စာပြုမှုမှာ တရုတ်ပြည်မကြီးရဲ့တစ်နိုင်ငံ၊ စနစ် ၂ မျိုးအုပ်ချုပ်မှုပုံစံကို ငြင်းဆန်ခဲ့ပါတယ်။

သူ့ရဲ့ကျမ်းကျိန်သစ္စာပြုမှုအပြီးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက် ပွန်ပီယိုက ထိုင်ဝမ်ခေါင်းဆာင်ဆီ ရှားရှားပါးပါးအဆင့်မြင့်တဲ့အမေရိကန်ရဲ့ ထုတ်ပြန်ချက်တစ်စောင်နဲ့ ၀မ်းမြောက်ကြောင်းပြောကြားခဲ့ပါတယ်။

ထရမ့်အစိုးရဟာ ထိုင်ဝမ်ဆီလက်နက်ရောင်းချမှုတော်တော်များများကို ခွင့်ပြုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ထိုင်ဝမ် F-16 နဲ့ F-5 လေယာဉ်တွေ အပါအ၀င် ထိုင်ဝမ်စစ်လေယာဉ်တွေအတွက် အပိုပစ္စည်းတွေ ရောင်းချဖို့ခွင့်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ M1A2T အဓိကတိုက်ပွဲဝင်တင့်ကား ၁၀၈ စီးနဲ့ F-16C တိုက်လေယာဉ်အစီး ၇၀၊ ဆက်စပ်ပစ္စည်းတွေရောင်းချခဲ့ပါတယ်။

#Whitesone

Facebook Comments Box

Spread the love