လာမည့် ဇန်နဝါရီလ ၂၀ရက်နေ့မှာ သမ္မတရာထူး သက်တမ်းကုန်ဆုံးတော့မည့် ဒေါ်နယ်ထရမ့်ကို သက်တမ်းမကုန်ဆုံးချိန်ကာလအတွင်း၌ ရာထူးကနေ ဖယ်ရှားနိုင်ဖို့ရန်အတွက် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ဦးဆောင်တဲ့ ဒီမိုကရက်တစအသိုင်းအဝိုင်းနှင့် အပေါင်းအပါတို့က လွှတ်တော်အဆောက်ဦးစီးနင်း အကြမ်းဖက်မှု၌ ထရမ့်က သွေးထိုးလှုံ့ဆော်မှုတွေ လုပ်ခဲ့ပြီး ဆူပူမှုတွေ ဖြစ်အောင် ဖန်တီးလုပ်ဆောင်ခဲ့ သည်ဟူသောစွဲချက်ဖြင့် တရားစွဲဆိုမှုတွေလုပ်ပြီး
ရာထူးကနေဖယ်ရှားနိုင်ဖို့ရန်အတွက် အပြင်းအထန်ကြိုးစားနေကြသည့်အပေါ်
ရီပတ်ဘလစ်ကန် အချို့ကလည်းထောက်ခံမှုတွေ ရှိနေကြသလို၊ ယခုလို တရားစွဲဆိုမှုလုပ်ခြင်းဟာ အမိနိုင်ငံရဲ့ အကျိုးစီးပွားကိုများစွာထိခိုက်နိုင်ပြီး၊ စည်းလုံးညီညွတ်မှုကိုပြိုလဲစေနိုင်ပြီး အကွဲအပြဲ ဇာတ်လမ်းတွေနှင့် အပြန်အလှန်တရားစွဲဆိုမှုတွေကို ရှိစေနိုင်သည့်အတွက် ကန့်ကွက်ကြသည့် ဒီမိုကရက်တစ်အချို့လည်း ရှိနေကြသည်။ နန်စီပလိုစီဟာ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတသက်တမ်း တလျှောက်လုံး ရာထူးကနေ ဖယ်ရှားနိုင်ဖို့အရေး ကို တောက်လျှောက် လုပ်ဆောင်နေခဲ့သူလည်းဖြစ်သည်။
အောင်မြင်မှုတော့ မရှိခဲ့ပေ။ယခုတကြိမ်မှာတော့ လွှတ်တော် ၂ရပ်စလုံး၌ ဒီမိုကရက်တစ်ပါတီက အမတ်နေရာအများစု ရထားပြီး၊တရားစွဲဆိုမှုေ အာင်မြင်လိမ့်မည်လို့ ယုံကြည်ထားပုံရပါသည်။အောက်လွှတ်တော်၌ တရားစွဲဆိုရေးမဲခွဲဆုံးဖြတ်မှုေ အာင်မြင်ခဲ့ပြီးနောက် အထက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်မှုလုပ်ပြီး မဲအရေအတွက်စုစုပေါင်းရဲ့ ၃ပုံ၂ပုံနှင့်အထက် ရရှိခဲ့ရင် ထရမ့်ကို ရာထူးကနေ ဖယ်ရှားနိုင်ပါလိမ့်မည်။ ဒီမိုကရက်တစ်ပါတီနှင့် အမေရိကန်ရဲ့ သတင်း
မီဒီယာကြီးတွေ အပါအဝင် သမ္မတဟောင်း အိုဘားမားနှင့် အပေါင်းအပါ အုပ်စု၊တရုတ်ကွန်ြ မူနစ်ပါတီအစိုးရနှင့် အပေါင်းအပါများတို့ကေ ဒ်ါနယ်ထရမ့်သမ္မတ မဖြစ်ဖို့အရေးကိုအစွမ်းကုန် အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်နေကြသည်။
ဒေါ်နယ်ထရမ့်ကို နိုင်ငံရေးဇာတ်ခုံပေါ် လုံးဝြ ပန်မရောက်နိုင်ဖို့အရေးဟာ ၎င်းတို့အတွက် ထိပ်တန်းဦးစားပေး အရေးတခုလိုသဘောထားေ နကြပုံရပါသည်။ တွစ်တာ၊ဖေ့စ်ဘုတ်တို့ ဆိုရင် လွတ်လပ်စွာပြော ဆိုခွင့်ဆိုသည့် အခွင့်အရေးကို ပိတ်ပင်တားမြစ် ရုံတင်မကဘဲ ငါတို့နဲ့ သဘောထားမတူ၊ဘက်မတူ သူကို ငါတို့ပလက်ဖောင်းသုံးခွင့်မပြုနိုင်ဘူးဆို သည့် အချိုးမျိုး ချိုးလာကြသည်။ဒေါ်နယ်ထရမ့် လိုသမ္မတမျိုးရဲ့ အကောင့်ကိုတောင်မှ မိမိတို့အ
ကျိုးစီးပွားအတွက် အလို့ငှာ ဘယ်သူတွေဘြာေ ပာပြော၊ဘာမြင်မြင် ပိတ်တယ်ကွာ ဆိုသည့် သဘောမျိုးလုပ်ခဲ့တာကတော့ အတင့်ရဲလွန်း၊ အကျည်းတန်လွန်းလှပါသည်။ Parlor လူမှုပလက်ဖောင်းဟာ မည်သူမဆို လွတ်လပ်စွာ ပြောဆိုခွင့်ပြုသည်။ ဘက်လိုက်ပြီးတော့ မည်သူ့ကိုမှ ဆင်ဆြာ ဖတ်တောက်ခြင်းမျိုးမလုပ်ဟူသည့် အတိုင်း လွတ်လပ်စွာပြောဆိုခွင့်ပြုထားခြင်းဟာ ဒေါ်နယ်ထရမ့်ေ ထာက်ခံသူတွေကို ထောက်ပံ့ပေးနေသည်လို့
ယူဆပြီး အမေရိကန်ရဲ့ နည်းပညာကုမ္ပဏီကြီးတွေက အချင်းချင်းညှိပြီး ဝိုင်းပြီး နှိပ်ကွပ်ကြပါသည်။
(အနာဂတ်၌ big tech ကုမ္ပဏီကြီးတွေရဲ့ အားပြိုင်မှု ကြီးလာနိုင်သည်။) အစောပိုင်း၌ ဒေါ်နယ်ထရမ့်က နန်စီပလိုစီတို့ရဲ့ တရားစွဲဆိုမှုကို ဆိတ်ဆိတ်နေခဲ့ပြီးမှ တန်ပြန်တိုက်ခိုက်မှု လုပ်သည့်အနေဖြင့် ၂၀၁၆ရွေးကောက်ပွဲမှာ အိုဘားမား
အစိုးရက ထရမ့်မဲဆွယ်အဖွဲ့နှင့် မဲဆွယ်မှုလုပ်ငန်းတွေကို တရားမဝင် သူလျှိုထောက်လှမ်းမှုလုပ်ခြင်း၊အနှောင့်အယှက်ြ ပုခြင်းတို့အပါအဝင် နိုင်ငံတော်လုံခြုံရေးအဆင့် သတ်မှတ်ပြီးထိန်းသိမ်းထားသည့် မလျော်မကန်မှု
လုပ်ရပ်မျိုးတွေ ပါဝင်သည့် Documentsတွေကို မကြာခင်ရက်ပိုင်းအတွင်း၌ ဖွင့်ချတော့မည်လို့ ဆိုလိုက်ပြီလည်းဖြစ်သည်။ အဲဒီ Document တွေနှင့် အရှုပ်အထုပ် ဇာတ်လမ်းဖိုင်တွဲတွေကို FBIက ၄နှစ်တာ
ကာလတလျှောက်လုံး လျှို့ဝှက်ထိန်းသိမ်းထားတယ်လို့လည်း သိရှိရပါသည်။ အိုဘားမားလည်း ထိုကိစ္စအပေါ်
စိုးရိမ်မှုတွေ များစွာရှိနေပုံရသည်။
ဒါ့ကြောင့် ဂျိုးဘိုင်ဒန် သမ္မတဖြစ်ရေးအတွက် မဲဆွယ်စည်းရုံးရေး ဆင်းမှုနှင့် ထရမ့်မကောင်းကြောင်း ဂျိုးဘိုင်ဒန်ကောင်းကြောင်းဟောပြောမှုတွေကိုေ တာက်လျှောက်လုပ်ပေးခဲ့ပါသည်။
ဂျိုးဘိုင်ဒန် သမ္မတဖြစ်ခဲ့ရင် အိုဘားမားဟာ မင်းဆရာေ နရာကနေ နေပြီး အကြံပေးကြိုးကိုင်မှုတွေ လုပ်လို့ရပြီး မိမိအကျိုးစီးပွားအတွက်လည်း အကာကွယ်ပေးနိုင်လိမ့်မည်လို့ ယုံကြည်ထားပုံလည်း ရပါသည်။ ဒါ့ကြောင့် သူကိုယ်တိုင်ရဲ့ အားနဲ့ သူ့ရဲ့ အပေါင်းအပါတို့ရဲ့အားကို ယူပြီး ထရမ့်ကို အပြတ်တိုက်ခဲ့ပါသည်။
နန်စီပလိုစီကြတော့ ထရမ့်ကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးသည့် သဘောတွေ့ရသည်။ ထရမ့်ရဲ့နိုင်ငံတော်အခြေပြု မိန့်ခွန်းစာရွက်ကို ရုပ်သံ သတင်းမီဒီယာများရှေ့၌ စုပ်ဖြဲပစ်သည့်လုပ်ရပ်အပေါ်ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရပါသည်။ ထို့အပြင်ကိုဗစ်ကာလ၌mask မတပ်ခြင်းက တကယ့်အရူးတွေရဲ့လုပ်ရပ်ဘဲ။ မတပ်ခြင်းက နိုင်ငံကို မချစ်တာဘဲလို့တောင်ပြောခဲ့ပြီးမှ သူမ ဗြူးတီးဆလွန်း အလှပြင်သွားရာ၌ လုံးဝ မတပ်ခဲ့ဘဲ သွားခဲ့တဲ့ဗီဒီယိုဖိုင် ထွက်ခဲ့မှု၌လည်း အပြောတမျိုးအလုပ်တမျိုးလုပ်သူအဖြစ် ဒီမိုကရက် အချို့ကတောင်ဝေဖန်မှုတွေလုပ်ခဲ့သည်။ ကိုဗစ်ကူညီထောက်ပံ့ရေးအစီအစဉ်တွေ၌လည်း ထရမ့်ကို ပညာပေးချင်ရုံဖြင့် အမျိုးမျိုးကန့်လန့်တိုက်ခဲ့ပါသည်။ ထရမ့်ထောက်ခံကြသူတွေရဲ့အဆိုအရတော့ နန်စီပလိုစီဟာ ဆယ်လီဖြစ်ချင်တဲ့ စိတ်နဲ့ လှချင်ပချင်စိတ်က လွန်ကဲနေသည်လို့ ဆိုနေကြသည်။ ထို့အပြင် ထရမ့်အပေါ် မနာလိုစိတ်များသူ၊အတ္တကြီးသူလို့ လည်း ဝေဖန်ထားကြသည်။
နန်စီပလိုစီရဲ့ရန်ငြိုးအတ္တထားမှုနှင့် ဆယ်လီဖြစ်ချင်တဲ့ သူ့ရဲ့ငါစွဲအတ္တကြီးမှုတို့က အမေရိကန်ကို အစိတ်စိတ် အမွှာမွှာ ကွဲသွားနိုင်တဲ့အထိ ဒုက္ခပေးနိုင်ပါသည်။ ထရမ့်က ရာထူးကနေဆင်းပေးရပေမယ့် ထရမ့်ဝါဒကအမေရိကန်မှာ ကာလတခုလောက်ကြာတဲ့အထိ အရိုးစွဲ ကျန်ရစ်မှုတွေ ရှိနိုင်ပါသည်။ထို့ကြောင့် ဂျိုးဘိုင်ဒန်အစိုးရဟာ နိုင်ငံ့စည်းလုံးရေးကို အဓိက ဦးစားပေးနေရာ၌ မထားဘဲ စခန်းသွားခဲ့ရင်တော့ အမေရိကန်ရဲ့ အနာဂတ် မကောင်းနိုင်လောက်ပါ။
မူရင်း KoNayNay ထံမှ ကူးယူဖော်ပြပါသည်။ လေးစားစွာ ခရက်ဒစ် ပေးပါသည်။